လမ်းအိုလေး ဖောက်ခြင်း

ကျွန်တော့်အထင် လူအများစုဟာ ပြောင်းလဲမှုကို မကြိုက်ကြ။ အခုလက်ရှိ ဖြစ်နေသော အနေအထားလေးမှာ လက်ရှိပုံစံလေးကို ပွန်းပဲ့ ဆုံးရှုံးလိုက်ရမှာ စိုးကြောက်တတ်သော၊ အသစ်အဆန်းဆိုရင် လက်တည့်စမ်းဖို့ ၀န်လေးနေသော၊ ထိုင်ရနေရင် ထလိုက်မှအကျိုး ဖြစ်သွားမှာစိုးလို့ စွန့်စားလုပ်ကိုင်ရန် တွန့်ဆုတ်မိသော ဒွိဟာတွေကြောင့် လူတွေဟာ ပြောင်းလဲမှုကို မလိုလားကြ။ လက်ရှိအနေအထား စက်ဝိုင်းထဲမှာပဲ ပျော်ဝင်…

အနီးဝပ်ဆုံး ဥပမာတစ်ခုက အွန်လိုင်း မြန်မာအသိုင်းအ၀ိုင်းထဲမှာ ရေပန်းစားနေသော blogging။ ခေတ်မှီသူတိုင်း ဘလော့ကြသည်.. သလိုလို ဖြစ်နေပြန်တယ်။

ဒီမှတ်စုဟာ လမ်းအိုလေးဆိုဒ်ကို အသစ်ပြန်လည် တည်ဆောက်ပုံ အချက်အလက်တွေကို မှတ်သားသွားပါမယ်။ အလျင်းသင့်သလို အပ်ဒိတ် လုပ်သွားပါမယ်။

တစ်ခုပဲ ပြောဖို့ရှိတာက လမ်းအိုလေးဆိုဒ်ကို wordpress သုံးပြီး လုပ်ထားပေမယ့် ဒါဟာ ကျွန်တော် blogging လုပ်တောလို့ မယူဆမိသလို၊ ကျွန်တော့် ကိုယ်တိုင်လည်း blogger တစ်ယောက်လို့ မခံယူထားပါဘူး။ ဒါကြောင့် ဒီလမ်းအိုလေးမှာ wordpress ကို blogging platform ပုံစံတစ်ခုထက်၊ personal publishing ထက်ပိုပြီး၊ CMS ဆန်ဆန် အသုံးချလို့ လိုချင်တဲ့ အနေအထားလေး တစ်ခုကို website တည်ဆောက်နေတာပဲ ဖြစ်တယ်။ ကိုယ်လုပ်ခဲ့တာတွေ မှတ်သားရင်းနဲ့ အတွေ့အကြုံတွေကို လက်လှမ်းမှီသမျှ ဝေမျှဖို့ အခုလို wordpressation codex sitenote တွေကို ရေးမှတ်သွားပါမယ်။

Byte
March 30th, 2008

Wordpress ကို CMS သုံးခြင်း

လူတွေက blog ဆိုရင် blogger, blogspot ဒါတွေပဲ အများဆုံး သိထားကြတယ်။ တကယ်တော့ blogging ဆိုတာ ကိုယ်ရေးမှတ်စု online diary ထက်ပိုတဲ့ အောက်ထစ် personal publishing ကနေ ပိုကြီးကျယ်တဲ့ publication media ထိ လုပ်လို့ရတဲ့ အရည်အသွေးတွေ ရှိနေသေးတယ်။ အများစု သုံးနေကြတဲ့ blogger.com blogspot.com တွေမှာ အကန့်အသတ်တွေ စည်းတွေရှိနေတော့ ဒါတွေမှာပဲ မွေ့ပျော်နေရင် သူများခွံ့ကျွေးတဲ့ အသိဥာဏ်လောက်ပဲရမယ်။ Wordpress ကျတော့ DIY (Do-It-Yourself) ပုံစံဘက် နဲနဲရောက်တော့ လူအများနဲ့ စိမ်းနေသေးတယ်။ လူတစ်ချို့ကလဲ wordpress ကို ပြောင်းလဲ စမ်းသပ် သုံးကြည့်ဖို့ တွန့်နေတတ်တယ်။ Wordpress လို့ ပြောလိုက်ရင် Just another web blog လို့ပဲ မြင်နေရင် မှားမယ်နော်…

blogger/blogspot ဆိုတာ မြို့ထဲမှာ တိုက်ခန်းငှားနေရတာနဲ့ ဆင်ပြီး wordpress ကျတော့ ကိုယ်ပိုင်အိမ် ၀ယ်နေရတာနဲ့ တူတယ်လို့ ပြောတာတွေ့ဖူးတယ်။ ဒီလိုဆိုရင် ကိုယ်ပိုင်ဒိုမိန်းတစ်ခုပေါ်မှာ ကိုယ်ပိုင် webspace တစ်ခုပေါ်မှာ wordpress ကိုထည့်သွင်း အသုံးပြုတာကတော့ မြေကွက်လပ်တစ်ခု ၀ယ်ပြီး ကိုယ်စိတ်ကြိုက် အိမ်တစ်လုံး ဆောက်ပြီးနေသလိုမျိုး ဖြစ်နေတာပေါ့။ ကိုယ့်အိမ်ကို ကိုယ့်စိတ်ကြိုက်ပုံစံ ဆောက်နိုင်တယ်။ စိတ်ကြိုက် ဒီဇိုင်း၊ အခန်း၊ အထပ်တွေ စီမံနိုင်တယ်။ ကြိုက်သလို ဆေးရောင် သုတ်ပြီး နေနိုင်တယ်။. ယုတ်စွဆုံး ဖျက်ချပြီး အသစ်တစ်လုံး ဆောက်နိုင်တယ်။ ဒါမှမဟုတ်လဲ ကိုယ်ပိုင် မြေပေါ်မှာ အိမ်တစ်လုံးမက အိမ်အလုံးပေါင်းများစွာ ပွားနိုင်သေးတယ်။ ဒါတွေကို wordpress နဲ့ ခင်ဗျားလုပ်နိုင်တယ်။ ကျွန်တော်ဆိုတဲ့ကောင် လုပ်လို့ရတယ်ဆိုကတည်းက ယုံလိုက်ပါ ဘာမှ မသိဘူး၊ မတတ်ဘူးဆိုရင်တောင်မှ ခင်ဗျားလုပ်နိုင်တယ်။

ဒီနေရာမှာ wordpress အသုံးပြုပုံ အများကြီးထဲက CMS (Content Management System) တစ်ခုအနေနဲ့ blog တစ်ခုထက် personal/community website ပုံစံ အသုံးပြုလို့ရပုံကို သိသလောက် တတ်သလောက် ဆွေးနွေးချင်ပါတယ်။ Wordpress version 2.1 ကနေစပြီး CMS အနေနဲ့ အသုံးပြုရတာ ပိုလွယ်လာတယ်။

TBC

Byte
March 28th, 2008

Hello world!

Welcome to WordPress. This is your first post. Edit or delete it, then start blogging!

Byte
March 27th, 2008